အဖေ မသင်ဘဲ ကကြီးခကွေးနှင့် ကဗျာတွေ ရွတ်ဆိုတတ်လာသည် အဖေမညွှန်ဘဲ ဂျင်းဘောင်းဘီနှင့် တီရှပ်ကို နှစ်သက်တတ်လာသည် အဖေမပါဘဲ စင်မြင့်ထက်မှ ဘွဲ့လက်မှတ်တစ်စောင်ကို တက်ယူခဲ့သည် ထိုမျှလောက်ထိ အဖေနှင့် ကျွန်တော် အနေဝေး စိမ်းသက်ခဲ့ကြပါသည်
01 November 2026
တစ်ရွာမပြောင်း သူကောင်းမဖြစ်ဟူသော စကားဆိုသည် ရှေးလူကြီးများ ငါလိုလူအတွက် စပ်ဟပ်သီ ကုံးခဲ့လေသည်ဟု ကိုဖိုးမှန် ထင်သည်။ ထိုအထင်သည် ဒုက္ခတရားကို လျှို့ဝှက်သယ် ဆောင်တတ်မှန်း ကိုဖိုးမှန် မသိသေး။
01 November 2026
ခင်ဗျားဟာ တမင်တကာဖြစ်စေ လမ်းကြုံလို့ဖြစ်စေ ရိုတွန်းကဖီးဆိုင်ထဲ ဝင်လာပြီး နောက်ဘက် ခန်းကလေးထဲကို လှမ်းကြည့်မိရင် တအံ့တသြ ပြုံးရင်လည်း ပြုံးမိလိမ့်မယ် ဒါမှမဟုတ် အလန့်တကြား ပြန်လှည့်သွားမိကောင်း သွားမိလိမ့်မယ်
01 November 2026
တူရွင်း၊ ဓား၊ ပေါက်တူးစတဲ့ ရရာလက်နက် ကိရိယာတွေ ကိုင်စွဲလာတဲ့ စမ္ပာနဂိုရ်ရွာသားတွေဟာ တစ်နေ့ တစ်နေ့ 'တောက်ပြောင်'၊ 'ခမ်းနား'၊ 'ဆန်းပြား'၊ 'ကြီးကျယ်'တဲ့ ဧရာမ စကားလုံးကြီးတွေကို နားထောင်ရင်း အားအင်တွေ ကုန်ခန်းလာခဲ့တယ်။
01 November 2026
ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြောပါကွယ်...
01 October 2026
ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်ဖြာ ဂဟေဆက်ဆို ပန်းကြဲ၊ လက်စွပ်လဲ ကြိုးတား အများသိ မင်္ဂလာဆောင်သူ အရေအတွက်ထက် ပိုများပေမည်။
01 October 2026