ကျွန်မရဲ့ အရွယ်ဦး စပယ်ဖူး အိမ်မက်တွေမှာလည်း အစ်ကိုရဲ့ စမ်းရေစီးသံတွေ နစ်ဝင်စီးမျော ခဲ့ရတယ် ပိတောက်လမ်းမှာ တစ်ယောက်တည်း မောင့် အချစ်မြှား စူးရင်း မေ့ကွက်ကို ရှာခဲ့ဖူးတယ်
01 June 2025
ငါ ခရီးလွန်နေသဖြင့် ငါ၏ ချစ်လှစွာသော ဖခင်ကို မတွေ့မြင်လိုက်ရလေခြင်းဟု အတော်ပင် ယူကျုံးမရဖြစ်မိလေ၏။ ကျွန်တော် ရောက်ရာအရပ်က စာရေးသော်လည်း အိမ်ကကျွန်တော့်ထံ စာပြန်ပေးရန် လိပ်စာကိုကား အလျဉ်းမထည့်ခဲ့ပေ။
'သားကြီး...ခဏ... ခဏ...နေဦး...' နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသော အသံတစ်ခု ကောင်းကင်ထက်မှ ကြွေကျလာသည်။
ကိုယ်မှားမိရင် မှားတာတစ်ခုခု လုပ်မိရင် ဖုံးမထားဘူး ပြန်ပြောမှာပဲ ခွင့်လွှတ်နိုင်လည်း ခွင့်လွှတ် ခွင့်မလွှတ်နိုင်လည်း ပေးတဲ့အပြစ်ကို ခံမယ်
'ကျောက်ခွေးရာ ငါလည်း အသည်းနှလုံးနဲ့ လူပဲ။ မသနားဘဲ ဘယ်ရှိပါ့မလဲ။ မျောက်သား စားချင်ရင် မျောက်မျက်နှာ မကြည့်နဲ့ ဆိုသလိုပဲကွ။ ဝမ်းရေးဆိုတော့လည်း မျက်စိမှိတ်ပြီး ဇွတ်လုပ်ရတာပေါ့'
ထိုနေ့မနက်က ကျွန်မတို့သားအမိ သားအဖ သုံးယောက် စျေးသို့ ထွက်လာခဲ့ကြသည် ကျွန်မခင်ပွန်းသည်က ကလေးချီရင်း စျေးမုန့်ကလေးစားရင်း စျေးကလေးကို လိုက်ကြည့်ချင်သတဲ့