မောင်က စိတ်ဆိုးနေသော်လည်း နော်ဇာ့မျက်စိထဲ ကြည့်ကောင်းနေသည်။ စပို့ ရှပ်နှင့် ဂျင်းဘောင်းဘီကို သပ်သပ်ရပ်ရပ် တွဲဝတ်ထားပြီး အကောင်းစား ကင်းဘတ်ဖိနပ်က ရွာကလေးနှင့် သီးသန့်စီ ဖြစ်နေသည်။ အကောင်းစား လက်ပတ်နာရီက ညနေဆည်းဆာရီ အလင်း မှိန်ဖျောဖျော့ အောက်တွင် တဖျပ်ဖျပ် လက်နေသည်။
26 August 2024