ဘာကင်ဟမ် နန်းတော်ထဲမှာလနဲ့ချီပြီး နန်းတွင်းဓလေ့ ထုံးတမ်းစဉ်လာများကို လေ့လာခဲ့ရတဲ့ ဒိုင်ယာနာဟာ ကော်ဇောနီပေါ်မှာ ပီဘိ ဘဲလေးကချေသည်တစ်ယောက်လို ကနိုင်စွမ်းရှိတယ်ဆိုတာကို ကျွန်တော့်မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရဖူးပါတယ် အဲဒီနေ့က ၁၉၈၁ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ပါ
01 September 2025
'ဝတ္ထုရေးဆရာသည် စာပေပညာရှိကြီး မဟုတ် လူ့အဖြစ် လူ့စရိုက်ကို စုံစမ်းနေသော ရာသက်ပန် လူ့သဘာဝ သုတေသီမျှသာ ဖြစ်ပါပေသည်' ဟု ဝတ္ထုရေးဆရာလည်းဖြစ်သော မင်းမှုထမ်းဝတ္ထုဖြင့် ၁၉၅ဝ ခုနှစ်က စာပေဗိမာန်ဆုလည်းရသော ကွယ်လွန်သူ စာရေးဆရာကြီး တက်တိုးက မှတ်ချက် ပေးထားဖူးပါသည်။
01 September 2025
စာရေးသူသည် သူ့ဝတ္ထုကို အထူးဂရုစိုက်သည် ဝါကျအထားအသို နေရာချထားမှုကအစ အလေးအနက်ထားသည် စကားလုံးကို သိပ်သိပ်သည်းသည်း ကျစ်ကျစ်လျစ်လျစ် ဖြစ်အောင် သတိထားရေးသည် ဆရာ အောင်သင်း၏ စကားအရ ဆိုရပါမူ ယဉ်ယဉ်နုသည် စကားလုံး သုံးချင်၍ စာရေးခြင်း မဟုတ်ဘဲ ပြကွက်ဖော်ချင်၍ စကားလုံးရှာသူသာ ဖြစ်သည်။
01 September 2025