Sample
ရွှေဝတ္ထု
အဓိပ္ပာယ်
ဒေါင်းနေမင်း

လမ်းဆုံတစ်နေရာ အရောက်မှာ တစ်ခါတစ်ရံ သူကြုံနေကျ ကြေးစည်သံကို ကြားလိုက်ရတယ်။ ထုံးစံ အတိုင်း သူကြားလိုက်ရတဲ့ ကြေးစည်သံမှာ ကြေကြေကွဲကွဲ ဝမ်းနည်းမှုတွေ ဆွတ်ပျံနေတယ်။ ပရိဒေဝမီးတောက်ထဲက လွင့်စဉ်ထွက်လာတဲ့ မချိတင်ကဲ အသံတွေလည်း ကြားနေရတယ်။

01 November 2025

ရွှေဝတ္ထု
...
‌ကျားလေးကျွန်တော်
နုနုရည်အင်းဝ

နတ်ဆိုင်းသံဟာ ကျွန်တော့်ရင်ကို တဒိတ်ဒိတ် ခုန်စေပြီး ငိုလည်း ငိုချင်စေပါတယ်။ အမေ့ကို သတိရလို့ပေါ့။ သနပ်ခါးတွေ ဖွေးနေအောင် လိမ်းပြီး နှုတ်ခမ်းနီရဲရဲလေး ဆိုးထားတဲ့ အမေ့အသံ စူးစူးလေးကို ကျွန်တော် လွမ်းပါတယ်။

01 October 2025

ရွှေဝတ္ထု
...
‌ကျောင်းတော်သူလွမ်းချင်း
ကိုဆေး ၊ပစိဖိတ်ကမ်းခြေ၊

နှလုံးသားရဲ့ နာကျင်မှုဟာ အရောင်ဖျော့သွေးတွေကို နီရဲစေခဲ့လေရဲ့။ နီရဲတဲ့သွေးတွေဟာ ပထမဦးဆုံး အချစ်ကို ဖွင့်ဟဖို့ စေ့ဆော်လေတော့တယ်။

01 October 2025

ရွှေဝတ္ထု
...
‌အိုင်ထဲကခြေရာ
ဝေမာ

မတွေ့ဖြစ်ခဲ့သော ကာလအချိန်အတွင်း အပြောင်းအလဲတွေ များခဲ့သော မလှပိုကို ကြည့်ရင်း ငယ်စဉ်က အမြဲပြုံးရွှင်သွက်လက်နေတတ်သည့် စံပယ်မြိုင်က မလှပို ဒေါ်ခင်ခင်ကြီး၏ လက်ကသုံး တောင်ဝှေးလေး မလှပိုကို သစ်သစ်ကတော့ ပြန်မြင်ယောင်နေမိ၏

01 October 2025

ရွှေဝတ္ထု
...
‌သံများနှင့် ကျွန်ုပ်
ဆွေဦးမြင့်

တကယ့် ကဗျာဆရာ၊ စာရေးဆရာ၊ အနုပညာ သမားစစ်စစ်တွေမှာ အားလပ်ချိန်မရှိကြပါဘူး။ အချိန်ပြည့် ဝန်းကျင်ကို လေ့လာသင်ယူ၊ စာပေစာတမ်းတွေ ဖတ်မှတ်လေ့လာကြပြီး မိမိရဲ့ စိတ်ကူးထိုးထွင်းဉာဏ် (Inspiration) ကောင်းသည်ထက် ကောင်းအောင် တရားကျင့်ကြံသလောက်နီးနီး သတိဉာဏ်စဉ် အမြဲမပြတ်ထားကြပြီး ရင့်သန်အောင် အားထုတ်နေကြတော့ သူတို့...

01 October 2025

ရွှေဝတ္ထု
...
‌အိုဘယ့်ဂန္ဓာရီ
မဝင့် ၊မြစ်ငယ်၊

စိတ်ပျက်လက်ပျက်နဲ့ ငေးကြည့်နေရုံမှအပ ကျွန်တော် ဘာတတ်နိုင်မှ လဲ။ ဒီလိုနဲ့ ဧည့်ပရိသတ်လည်း စဲသွားပြီ။ ကျွန်တော်တို့ဆီမှာက ကိုးနာရီထိုးပြီးတာနဲ့ ပွဲသိမ်းကြရတော့တာပါ။

01 September 2025